Local News

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် (၂၄၈)နှင့် (၂၄၉)တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့်/တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ အောက်ဖော်ပြပါ ကုန်စည်အမျိုးအစား(၁၈)ခုတို့ကို တင်ပို့သည့်ကုမ္ပဏီများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ရမည်ဖြစ်ပါသည်-

          (က)    အသားနှင့် အသားထုတ်ကုန်များ

          ( ခ )   ရေထွက်ကုန်များ

          ( ဂ )   နို့ထွက်ပစ္စည်းများ

          (ဃ)    ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ

          ( င )   အဆာသွတ်ရန် အသုံးပြုသည့် အပေါ်ခွံ

          ( စ )   ပျားရည်နှင့် ပျားထွက်ပစ္စည်း

          (ဆ)    ဥနှင့်ဥထုတ်ကုန်များ

          ( ဇ )   စားသုံးဆီ

          (ဈ)     အပြင်အသားအားဂျုံသားဖြင့် ပြုလုပ်ထားပြီးစားသုံးနိုင်သည့်(သို့မဟုတ်) အေးခဲ ထားသည့်ထုတ်ကုန်များ

          (ည)    စားသုံးနိုင်သောအစေ့အဆံများ

          ( ဋ )   ကြိတ်ခွဲသီးနှံ ထွက်ကုန်များနှင့်မုယောစပါး၊

          ( ဌ )   လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် ရေဓာတ်ထုတ်ထားသောဟင်းသီးဟင်း ရွက်များ

          ( ဍ )   ပဲမျိုးစုံ

          ( ဎ )   အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ

          (ဏ)   အခွံမာသီးနှင့်အစေ့အဆံများ

          (တ)    သစ်သီးခြောက်များ

          (ထ)    မလှော်ထားသော ကော်ဖီစေ့နှင့် ကိုကိုးစေ့များ

          ( ဒ )   အထူးအာဟာရအစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ

ကုန်စည်အုပ်စုအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုးရေးဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့ဖြစ်ကြပါသည်။ အဆိုပါ ကုန်စည်အမျိုးအစား(၁၈)အုပ်စု၌ပါဝင်ခြင်းမရှိသည့်ကုန်စည်များကို ထုတ်လုပ်/တင်ပို့မည့်လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ်ဖြစ်သည့် https:// cifer.singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။   

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့အထိ ကုမ္ပဏီ/ စက်ရုံ(၁၆၅၀)ခုမှပေးပို့ထားသည့်စောင်ရေစုစုပေါင်း (၃၃၅၈) စောင်အား မှတ်ပုံတင်ရန်လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ (၁၄၈၆)ခု၊ စောင်ရေ (၃၁၉၄) စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံ (၁၄၁)ခု၊ စောင်ရေ (၁၄၁) စောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ(၁၄) ခု၊ စောင်ရေ (၁၄) စောင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ကုမ္ပဏီ(၉) ခု၊ စောင်ရေ (၉)စောင် ဖြစ်ပါသည်။

အဆိုပါမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ အပါအဝင်ကုန်စည်များအား တရားဝင်တင်ပို့နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့်လုပ်ငန်းများစာရင်းအား တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ် https: //ciferquery.singlewindow.cn/ ၌ ဖော်ပြထားပါသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များတင်ပို့သည့် ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်းအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)အောက်ရှိ CIFER မှတစ် ဆင့်ဆောင်ရွက်ခဲ့ရာမှ China Department of Animal and plant Quarantine ဌာနမှ အောက်ဖော်ပြပါ စိုက်ပျိုးရေးစား သောက်ကုန်စည်အုပ်စု(၇)မျိုးကို ပြောင်းလဲတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို Manual စနစ်ဖြင့် လျှောက် ထားရမည်ဖြစ်ပါသည်-

          (က)    ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ (cocoa beans) {Unroasted coffee beans and cocoa beans}

          ( ခ )   ဟင်းသီးဟင်းရွက်အစိမ်းများ {Fresh and dehydrated vegetables}

          ( ဂ )   ဟင်းခတ်အမွှေးအကြိုင်များ {Plant Seasonings (Plant Species)}

          (ဃ)    စားသုံးနိုင်သည့် အစေ့အဆံများ {Edible grains}

          ( င )   ပဲမျိုးစုံ { Dried Beans}

          ( စ )   ဆီထွက်သီးနှံများ {Oilseeds (Oil Plant)}

          (ဆ)    တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့်တိရစ္ဆာန်(သို့မဟုတ်) အပင်မူရင်းများ {Chinese Traditional Medicines}

အဆိုပါကုန်စည်အုပ်စု(၇)မျိုးအတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်တိုင်ဆောင် ရွက်၍ မရပါ။ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်။ စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။ သက်ဆိုင်ရာဌာနမှတာဝန်ခံအရာရှိ (Competent Authority)ကသာ ၎င်းလျှောက် ထားမှုကို ဆောင်ရွက်နိုင်ပြီးစာ(သို့မဟုတ်) Email ဖြင့် [email protected] သို့ ပေးပို့ရမည်ဖြစ်ပါသည်။ သို့မဟုတ် မြန်မာ နိုင်ငံရှိတရုတ်သံရုံး၊ တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။

အဆိုပါ https://ciferquery.singlewindow.cn/ Website တွင် online စနစ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့အထိ မြန်မာ နိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တွင် Competent Authority ထောက်ခံချက်လိုသည့်ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက်လျှောက်ထားသည့် ကုန်စည်အုပ်စုအပါအဝင် စုစုပေါင်းစောင်ရေ (၁၀၇၉)စောင်အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။ http://dzs.customs.gov.cn/ Website တွင် Manual စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံမှတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက် ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်ပြီးဖြစ်သည့်စာရင်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ ဖုန်းနှင့် Email တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

 

 

                                                                             GACC, ရုံးလုပ်ငန်းအဖွဲ့

                                                                           ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

                                                                      မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

                                                            ဖုန်းအမှတ်-၀၆၇-၃-၄၀၈၆၀၅, ၀၆၇-၃-၄၀၈၆၁၇

                                                                   Email: [email protected]

 

Category: Local News